Monday, July 27, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

 

နေပြည်တော် ဇူလိုင်  ၂၇

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်ဖြစ်သည့် ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းမွမ်းမံကာ ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သည့် အခမ်းအနားကို ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးခဲ့သည်။











အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးများမှ အနုပညာရှင်များ၊ အတတ်ပညာရှင်များတက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက်ပြန်လည်မွမ်းမံ၍ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့သည်။

No comments:

Post a Comment