နေပြည်တော် ဇူလိုင် ၂
ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁၃) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သင်တန်းနည်းပြများနှင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ အရာထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုနယ်ပယ်တွင် ဘဏ္ဍာငွေရရှိမှုအရင်းအမြစ်များ
တိုးမြင့်ရရှိအောင်ဆောင်ရွက်ရေး၊ အသုံးစရိတ်များကို စနစ်တကျခွဲဝေရေး၊ ခွဲဝေပေးထားသည့်
အသုံးစရိတ်များကို နိုင်ငံတော်အတွက်၊ အများပြည်သူအကျိုးစီးပွားအတွက် ထိရောက်မှုရှိစွာ
သုံးစွဲနိုင်ရေး၊ စာရင်းများကို စနစ်တကျပြုစုခြင်းနှင့် အစီရင်ခံတင်ပြရေး၊ စောင့်ကြည့်ထိန်းကျောင်းရေး၊
သုံးသပ်အစီရင်ခံရေး စသည့်အဆင့်လိုက် လုပ်ငန်းစဉ်များစွာပါဝင်ပြီး အထူးသဖြင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့်
စီမံကိန်းနှင့် ဘတ်ဂျက်ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ စာရင်းပြုစုခြင်းနှင့် စာရင်းနှင့်
လုပ်ငန်းစစ်ဆေးခြင်း အပိုင်းများကို ဦးစားပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်
တိုက်တွန်းပြောကြားသည်။
ယခုသင်တန်းသို့
ဝန်ကြီးဌာန၊ အဖွဲ့အစည်း ၂၃ ခုမှ သင်တန်းသား၊ သင်တန်းသူ အရာထမ်း ၄၁ ဦး တက်ရောက်ပြီး
သင်တန်းကာလမှာ သုံးလကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment