Saturday, July 25, 2026

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ


နေပြည်တော် ဇူလိုင် ၂၄

ပညာရေးဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီထိ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူရွှေကြာခန်းမ၌ကျင်းပရာ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်က ကျောင်းသား ကျောင်းသူများ စာစီစာကုံးဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်ရှိ ကျောင်းပေါင်းစုံမှ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား ၁၉ ဦး၊ ကျောင်းသူ ၆၄ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၈၃ ဦးတို့က “လူငယ်ကဏ္ဍကို အားပေးမြှင့်တင်လို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ကြပါစို့” စာစီစာကုံးခေါင်းစဉ်ဖြင့် ဖြေဆိုကြပြီး ဆုရရှိသူကျောင်းသား ကျောင်းသူများအား MICC -1 ၌ ကျင်းပမည့် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်

No comments:

Post a Comment