နေပြည်တော် ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ရုံးပင်ချောင်ကျေးရွာနေ ဦးကြည်သိန်း (၅၇) နှစ်သည် ယနေ့နံနက် ၉ နာရီ ၅ မိနစ်ခန့်တွင် ကျေးရွာ၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ လယ်ကွင်းသို့ ခြေကျင်သွားရောက်စဉ် အဆိုပါလယ်ကွင်းအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် စလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။
အလားတူ နံနက် ၈
နာရီ မိနစ် ၄၀ ခန့်တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ နေသူများဖြစ်သည့်
ဦးအောင်ကိုဦး (၃၈) နှစ်နှင့် ဦးအောင်ကြီး (၃၈) နှစ်တို့သည် ကျေးရွာအနီးရှိ ဒေသအခေါ်
နတ်စင်ကုန်းသို့ သွားရောက်စဉ် အဆိုပါနေရာအနီးအရောက်၌ KIA သောင်းကျန်းသူအဖွဲ့နှင့်
PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းသုံးလုံးပေါက်ကွဲခဲ့မှုကြောင့်
ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့်
အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက
စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment