ရန်ကုန် ဇူလိုင် ၂
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ကြည့်ရှုအားပေး
သစ်ပင်စိုက်ပျိုးပွဲတွင်
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ရတနာတန်းဝင် ကျွန်းပင်အား စိုက်ပျိုးပေးကာ
တက်ရောက်လာကြသူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးမှုနှင့် ပထမအကြိမ် စိုက်ပျိုးခဲ့သည့်
ရေသင်းဝင်၊ ပိတောက်၊ မဲဇလီ၊ အခြားအရိပ်ရနှစ်ရှည်ပင်များနှင့် ကော်ဖီပင်များ ရှင်သန်ဖြစ်ထွန်းမှုကို
ကြည့်ရှုအားပေးသည်။
ကျွန်းပင် ၁၀၀၀
စိုက်ပျိုး
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်
(အထက်မြန်မာပြည်) ၏ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရေသင်းဝင်၊ ပိတောက်၊ မဲဇလီ၊
အခြားအရိပ်ရနှစ်ရှည်ပင် ၁၀၅၀ နှင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင်
၁၀၀၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment