Sunday, July 5, 2026

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-မန္တလေး(၈)ထပ် ကလေးကုသဆောင်သစ် ဖွင့်ပွဲတက်ရောက်

 

နေပြည်တော် ဇူလိုင် ၄

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-မန္တလေး (၈)ထပ် ကလေးကုသဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အဆောက်အအုံသစ်ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် (၈)ထပ် ကလေးဆေးကုသဆောင်သစ် မြေညီထပ်ရှိ အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်ခွဲနမူနာလက်ခံဌာနနှင့် ဓာတ်မှန်ဌာန၊ ပထမထပ်ရှိ ခွဲစိတ်ခန်းများ၊ ဒုတိယထပ်ရှိ ကလေးခွဲစိတ်ကုသဆောင်၊ ဆဋ္ဌမထပ်ရှိ ကလေးကုသဆောင်နှင့်အပေါ် ဆုံးထပ်ရှိ စာသင်ခန်းများနှင့် အစည်းအဝေးခန်းမကြီးတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး-မန္တလေးတွင် ကလေးအထူးကုဌာန၊ ကလေးခွဲစိတ်အထူးကုဌာန၊ ကလေးအထူးကြပ်မတ်ကုသဌာန၊ ကလေးအရိုး အထူးကုဌာန၊ ကလေးဖွံ့ဖြိုးမှု ပြင်ပလူနာဌာန၊ ကလေးနှလုံးကုသပြင်ပလူနာဌာန၊ မွေးကင်းစအထူး ကြပ်မတ်ကုသဆောင်တို့ကို ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်‌ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။

ယင်းနောက် မန္တလေးပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါကုသဆောင်၌ ကင်ဆာဆေးသွင်းဌာန၊ အတွင်းလူနာဆောင်များ၊ ဓာတ်ခွဲဌာနနှင့် ဓာတ်မှန်ဌာန၊ သွားနှင့်ခံတွင်းအထူးကုဌာန (ကန်တော်နဒီ)၌ သွားနှင့်ခံတွင်းကုသမှုများ ဆောင်ရွက်ပေးနေမှု၊ ခေတ်မီဒီဂျစ်တယ်နည်းပညာ ဖြင့် ​ပုလဲသွားတု(Zirconia crown) ပြုလုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment