Friday, July 3, 2026

ပညာရေးဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ


 

နေပြည်တော် ဇူလိုင် ၂

ပညာရေးဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာများက သတ်မှတ်နေရာတွင် ပျိုးပင်များကို ဦးဆောင်စိုက်ပျိုးပြီး တက်ရောက်လာသူများက ပျိုးပင်များကို အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယနေ့ကျင်းပသည့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကံ့ကော်ပင်၊ ကျွန်းပင်၊ ငုရွှေဝါပင်၊ စိန်ပန်းပင်၊ ပျဉ်းကတိုးပင်၊ မဟော်ဂနီပင်၊ မဲဇလီပင်နှင့် ရင်းမာပင် စသည်ဖြင့် ရတနာတန်းဝင်နှင့် အရိပ်ရလေကာအပင် စုစုပေါင်း ၄၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment