နေပြည်တော် ဇူလိုင် ၂၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ် စည်ပင် သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့်အတူ ယနေ့တွင် ဖလမ်းမြို့၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (6 KW) ဆိုလာမီးတစ်စုံ တပ်ဆင်ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆိုလာပြားများ သန့်ရှင်းမှုရှိစေရေး၊ ရုံးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် အကျိုးရှိစွာ အသုံးပြုရေးတို့ကို မှာကြားသည်။
ဖလမ်းမြို့ရှိ
ယာယီပြည်သူ့ဆေးရုံ၌ (12 KW) ဆိုလာမီးတစ်စုံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌
(6 KW) ဆိုလာမီးတစ်စုံ၊ ခရိုင်မြန်မာ့စီးပွားရေးဘဏ်ရုံး၌ (6 KW) ဆိုလာမီးတစ်စုံ၊ မြို့နယ်ပညာရေးမှူးရုံး၌
(6KW) ဆိုလာမီးတစ်စုံတို့ကို ချင်းပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ဖလမ်းမြို့
မြို့ပေါ်ရပ်ကွက်များနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် ဆိုလာလမ်းမီးတိုင် တပ်ဆင်ဆောင်ရွက်နေမှု၊
ဖလမ်းမြို့၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများမှ ပံ့ပိုးကူညီသော (300 W) ဆိုလာလမ်းမီးများကို
ဒေသခံပြည်သူများနှင့် လျှပ်စစ်အင်ဂျင်နီယာဝန်ထမ်းများက တပ်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး
လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ညပိုင်းတွင် ဖလမ်းမြို့
မီးရရှိ မှုအခြေအနေကို လှည့်လည်ကြည့်ရှုပြီး မြို့၏ အဓိကနေရာများ၊ လမ်းဆုံလမ်းခွနေရာများနှင့်
ပြည်သူ့ဝန်ဆောင်မှုရုံးဌာနများ ၌ ဆိုလာမီးများကို ဦးစားပေးအလိုက် တပ်ဆင်သွားရန် တာဝန်
ရှိသူများအား မှာကြားသည်။
ထို့အတူ တီးတိန်မြို့၌
မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာသုံးရွာနှင့် ဌာနဆိုင်ရာရုံးများမှ လျှပ်စစ်မီးသုံးစွဲသူဦးရေ
၃၀၁၈ ဦးတို့အား ဝန်အားများသောအချိန်တွင် 300 KVA ဒီဇယ် ဓာတ်အားပေးစက်ဖြင့် ညစဉ် ၆ နာရီခွဲမှ
၉ နာရီအထိ မောင်းနှင်ပြီး ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ 200 KW နှစ်လုံးတို့ဖြင့်
ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် တပ်မတော်တပ်ရင်း၊ မြို့နယ်
ပြည်သူ့ဆေးရုံ၊ မြို့နယ်ရဲစခန်း၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး၊
လမ်းဦးစီးဌာနရုံး၊ ဆက်သွယ်ရေးရုံးနှင့် ဘုန်းကြီးကျောင်းတို့ကို နေ့စဉ် ၂၄ နာရီ လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
အလားတူ တွန်းဇံမြို့
ဒေသခံပြည်သူ လျှပ်စစ်မီးသုံးစွဲသူဦးရေ ၄၂၀ နှင့် မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊
မြို့နယ်ရဲစခန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၊
ဥပဒေရုံး၊ စာရင်း စစ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၊
မြို့နယ် မြေစာရင်းဦးစီးဌာနတို့ကို 300 KVA ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ညစဉ် ၇ နာရီမှ
၉ နာရီခွဲအထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံ ၌ (12
KW) ဆိုလာမီးတစ်စုံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ (6KW) ဆိုလာမီးတစ်စုံ၊
မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံး၌ (6 KW) ဆိုလာမီးတစ်စုံတို့ကို ချင်းပြည်နယ်အစိုးရ
အဖွဲ့အစီအစဉ်ဖြင့် တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment