ရန်ကုန် ဇူလိုင် ၁၈
မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့ ပူးပေါင်း၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering & Countering the Financing of Terrorism-AML/CFT) ဆိုင်ရာ အသိပညာနှင့် လက်တွေ့လိုက်နာဆောင်ရွက်မှု သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့
ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါ်နိုင်သက်ဦးက Video Message ပေးပို့၍
အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းနာယက
ဦးကျော်ညွန့်နှင့် အသင်းဥက္ကဋ္ဌ ဦးဝမ်းတင်တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက်
တာဝန်ရှိသူများက AML/CFT ဆိုင်ရာ အခြေခံ ဗဟုသုတများနှင့် ကြီးကြပ်ရေးအာဏာပိုင်နှင့် သတင်းပို့အဖွဲ့အစည်းတို့၏
လုပ်ငန်းတာဝန်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ သတင်းပို့ရန်
တာဝန်များနှင့် စာရင်းလုပ်ငန်းများက လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်
လိုက်နာဆောင်ရွက်မှု စစ်တမ်းမေးခွန်းလွှာ (Off - Site Questionnaires) ဖြေဆိုမှုပုံစံတို့ကို ရှင်းလင်းရာ သင်တန်းတက်ရောက်သူများက သိရှိလိုသည်များကို
မေးမြန်းဆွေးနွေးကာ သိရှိနားလည်မှု ဆန်းစစ်ချက်မေးခွန်းများကို ဖြေဆိုခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment