Tuesday, July 14, 2026

ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများ၏ ကိုယ်စားလှယ်များတွေ့ဆုံ

 



နေပြည်တော် ဇူလိုင် ၁၃

ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများ၏ ကိုယ်စားလှယ်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ချောချောစိန်က အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒုတိယဥက္ကဋ္ဌ (၂) ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်တို့က ကျောင်းလခများ သတ်မှတ်ခြင်း၊ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းများဆိုင်ရာ စည်းကမ်းချက်များ၊ ကျောင်းမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်း၊ ဆရာ ဆရာမများ ခန့်ထားမှုနှင့် စည်းကမ်းချက်များ၊ နိုင်ငံချစ်စိတ်နှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး (၁)၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တွဲဖက်အတွင်းရေးမှူး (၂)၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၊ ကိုယ်ပိုင်ကောလိပ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။

ထို့နောက် အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကအခြေခံ ပညာကျောင်းများ၊ ပုဂ္ဂလိကကောလိပ်ကိုယ်စား ကိုယ်စားလှယ်များက တင်ပြဆွေးနွေးကြသည်။

ဆက်လက်၍ ပုဂ္ဂလိကကျောင်း ကိုယ်စားလှယ်များက သိရှိလိုသည်များကို အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment