နေပြည်တော် ဇွန် ၁၇
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် မြိုင်မြို့နယ်သို့ ဆက်သွယ်ထားသည့် ကမ္မ-မြိုင်သွားကားလမ်း တစ်လျှောက်တွင် ဖြတ်သန်းသွားလာသူများ ထိခိုက်၊ ပျက်စီး၊ သေဆုံးစေရန်၊ သွားလာရေးခက်ခဲစေရန် ယုတ်မာသောရည်ရွယ်ဖြင့် ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပေပါခွံများဖြင့် ကားမိုင်းအဖြစ်ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဆိုပါကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၆ ရက်နေ့တွင် မြိုင်မြို့နယ်၊ တွင်းမကျေးရွာအနီး ကားလမ်းဘေး ဝဲ/ ယာဘက်များ၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ ထောင်ထားသည့် ဆီပေပါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းကြီး ၈ လုံး၊ ပလပ်စတစ်ပုံးအဝါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းအသေး ၃ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၅ လုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် မိုင်း ၄ လုံး၊ စုစုပေါင်း လက်လုပ်မိုင်းမျိုးစုံ ၂၀ လုံးတို့ကို တွေ့ရှိခဲ့ပြီး အဆိုပါမိုင်းများအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်ကာ စနစ်တကျ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့်
လမ်းကြောင်းများအား မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား
ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက
လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


No comments:
Post a Comment