နေပြည်တော် ဇွန် ၉
စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၇ ရက်က မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် MSME ချေးငွေများ သွက်လက်မြန်ဆန်စွာ ရရှိစေရေးနှင့် စက်ပစ္စည်းများ တင်သွင်းခွင့်ရရှိရေးအတွက် သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်မှုဇုန် ထူထောင်နိုင်ရေးအတွက် စက်မှုဇုန်ဥပဒေ၊နည်းဥပဒေ များပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး အမှတ် (၂) စက်မှု သင်တန်းကျောင်း (မန္တလေး) နှင့် မိတ္ထီလာခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment