နေပြည်တော် ဇွန် ၂၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင်
လက်ရှိဆောင်ရွက်နေသော အိန္ဒိယ ရူပီး/ မြန်မာကျပ်တိုက်ရိုက်ငွေပေးချေမှုနည်းလမ်းအား
ပိုမိုအကျိုးရှိနိုင်သော ကိစ္စရပ်များ အိန္ဒိယဗဟိုဘဏ် (Reserve Bank of India)၊
အိန္ဒိယ အမျိုးသားငွေပေးချေမှုကော်ပိုရေးရှင်း (National Payments
Corporation of India- NPCI)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် MMQR
Consortium နှင့် Myanmar Payment Union (MPU) တို့ အကြား UPI QR နှင့် RuPay စနစ်များကို မြန်မာ၏ MMQR အခြေခံ အဆောက်အအုံနှင့်
အပြန်အလှန်အသုံးပြုနိုင်ရေး (Interoperability) ဖော်ဆောင်ရန်
ဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ အိန္ဒိယရူပီး/ မြန်မာကျပ်
နှစ်နိုင်ငံငွေလဲလှယ်ရေး (Bilateral Currency Swap Arrangement) ကို နှစ်နိုင်ငံဗဟိုဘဏ်များအကြား တည်ထောင်ရန်တို့နှင့် စပ်လျဉ်း၍
သဘောတူညီချက်မူကြမ်းရေးဆွဲနေမှုနှင့် အပြန်အလှန်အကျိုးရှိသော ဘဏ်လုပ်ငန်းဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန် ဆောင်ရွက်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ
ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment