နေပြည်တော် ဇွန် ၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်သည် ဇွန် ၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် သီလဝါအထူးစီးပွားရေးဇုန်ရှိ PEB Steel Myanmar Co., Ltd. ပိုင် ဆောက်လုပ်ရေး လုပ်ငန်းသုံး သံမဏိပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည့်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် SP Petpack Inter Group Co., Ltd. ပိုင် စက်ရုံတွင် ကော်ပုံးအမျိုးမျိုး ထုတ်လုပ်နေမှု၊ Guston Amava Co.,Ltd ပိုင် စက်ရုံအတွင်း အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ Ball Asia Pacific (Yangon) Metal Container Limited ပိုင် အလူမီနီယံ ဘူးခွံထုတ်လုပ်သည့်စက်ရုံနှင့် Lightion Myanmar Co., Ltd. ပိုင် အီလက်ထရောနစ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံများ လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ One Stop Service Center (OSSC) တွင် တာဝန်ထမ်းဆောင်နေသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments:
Post a Comment