နေပြည်တော် ဇွန် ၁၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ အမျိုးသားစီးပွားရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ရုရှား သမ္မတအကယ်ဒမီနှင့် ပူးပေါင်းအစီအစဉ်အဖြစ် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုစနစ်တွင် ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ အဖွဲ့ဝင် ဦးထွန်း ထွန်းဝင်း၊ အမျိုးသားစီးပွားရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ရုရှားသမ္မတ အကယ်ဒမီ (RANEPA) မှ သင်တန်းနည်းပြဆရာများ၊ ပါမောက္ခချုပ်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက
သင်တန်းဖွင့်အမှာစကားပြောကြားပြီး အမျိုးသား စီးပွားရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ
ရုရှားသမ္မတအကယ်ဒမီ (RANEPA) မှ နည်းပြအဖွဲ့ ခေါင်းဆောင်ပါမောက္ခ Gadzaov Felix
Ruslanovich က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းကို
In - person နှင့် Online နှစ်ပိုင်းခွဲ၍ ဇွန် ၁၆ ရက်မှ ၂၆ ရက်အထိ ရက်သတ္တပတ်နှစ်ပတ်ခန့်
ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် နှစ်ခုမှ ဆရာ
ဆရာမ (၂၀) တက်ရောက်သည်။
ထို့နောက် ရတနာခန်းမ၌
အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ် (၁၅) နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁၁၆)
မှ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံအမှာ စကားပြောကြားပြီး သင်တန်းအိပ်ဆောင်အလိုက်
ငွေနှင်းမှိုနှင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ပိတောက်ဆောင်၌
အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၀၆) သင်တန်းသား များနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment