နေပြည်တော် ဇွန် ၄
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများနှင့် Football For School အစီအစဉ်အရ ဘောလုံးအပါအဝင် အခြားသောအားကစားနည်းများ၏ အခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြား ပို့ချလေ့ကျင့်ပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အားကစားကွင်းအတွင်းရှိ Synthetic ပြေးလမ်းနှင့်ဘောလုံးကွင်း၊ မိုးလုံလေလုံအားကစားရုံ၊ Gym အားကစားခန်းမနှင့် ဧည့်ရိပ်သာပြင်ဆင်ထားရှိမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြင်ဦးလွင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ အရာထမ်း၊ အမှုထမ်းများကိုတွေ့ဆုံကာ ဝန်ထမ်းများ၏ အခက်အခဲများနှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင်အားကစားကွင်း၊ ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းရှိ ဗထူးမိုးလုံ လေလုံ အားကစားရုံ၊ ဗထူးအားကစားကွင်းအတွင်း Football For School အစီအစဉ်အရ ဘောလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်းနှင့် ကရာတေးအားကစားနည်းများတွင် အားကစားနည်းအလိုက် သင်တန်းသား သင်တန်းသူများအား အခြေခံနည်းစနစ်များကို စနစ်တကျ သင်ကြားလေ့ကျင့်ပေးနေမှု၊ မန္တလေးတိုင်းဒေသကြီး ကာယဗလနှင့်ကာယ ကြံ့ခိုင်မှုအားကစားခန်းမနှင့် စားပွဲတင်တင်းနစ် အားကစားရုံတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment