ဟဲဟိုး ဇွန် ၁၄
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် ယမန်နေ့က မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အတူ ရှမ်းပြည်နယ် ဟဲဟိုးမြို့ ဥဿကံကျေးရွာဘုန်းကြီးကျောင်း၌ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ဆောင်ရွက်မည့် အမျိုးသမီးစေတနာ့ဝန်ထမ်း ဆယ်အိမ်မှူးများနှင့် တွေ့ဆုံသည်။
တွေဆုံစဉ် စီမံချက်လုပ်ငန်းများ ရေရှည်တည်တံ့စေရန် ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်အလိုက် လုပ်ငန်းစီမံချက်များ စနစ်တကျချမှတ်ကာအောက်ခြေတွင် လုပ်ငန်းများ အမှန်တကယ်ဖြစ်ထွန်းမှု ရှိ၊ မရှိကို တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်တင်တင်လတ်က ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြို့နယ်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့များက စဉ်ဆက်မပြတ်ကြီးကြပ်ရန် လိုအပ်ကြောင်းပြောကြားပြီး ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက အမျိုးသမီးများအနေဖြင့် ဦးဆောင်နိုင်သော အပိုင်းသို့ရောက်အောင် ကြိုးစားစေလိုပါကြောင်းပြောကြားကာ တက်ရောက်လာသည့် စေတနာ့ဝန်ထမ်းအမျိုးသမီးများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment