နေပြည်တော် ဇွန် ၁၁
တပ်မတော်အနေဖြင့် အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်ဒေသများ ပြန်လည်ထူထောင်ရေး အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ရှိသူ များ၊ ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ
အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ် များကြောင့် ပျက်စီးဆုံးရှုံးမှုများ
ဖြစ်ပေါ်ခဲ့သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တွန်းဇံမြို့နှင့် တီးတိန် မြို့များ၌ ပြန်လည်ထူထောင်ရေး
လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်း သုံးဖြစ်သော ဘိလပ်မြေအိတ်
၂၀၀၊ သွပ်အချပ် ၂၁၅၀၊ သံကိုးဖာနှင့် ဝါရှာကွင်း တစ်ဖာ၊ ကျောင်းသုံးသင်ရိုးညွှန်းတမ်းစာအုပ်
၂၇၂ အုပ်နှင့် ဆန်အိတ် ၈၄၀၊ ဆီ ၃၇၁ ပိဿာတို့ကို ယနေ့တွင် မန္တလေး မြို့မှ တပ်မတော်လေယာဉ်ဖြင့်
ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောက်ရှိလာသည့်
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပညာရေးကဏ္ဍသုံး ပစ္စည်းများနှင့် စားသုံးကုန်ပစ္စည်းများကို
သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ချင်း ပြည်နယ် ဖလမ်းမြို့၊ တွန်းဇံမြို့နှင့်
တီးတိန်မြို့များသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment