ရန်ကုန် ဇွန် ၁၇
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး ပြင်ပလူနာဌာနတွင် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဆေးရုံအတွင်းရှိ
ဆေးဝါးသိုလှောင်ရုံနှင့် ဆေးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာများ ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးနှင့် ပိုမိုထိရောက်စေရေးအတွက်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားသည်။
ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည်
မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Postraion Co.,Ltd. အထည်ချုပ်စက်ရုံနှင့် SMK
Mingalardon Co.,Ltd. အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အထည်ချုပ်စက်ရုံများတွင်
ရွေ့လျားဆေးကုသရေးအဖွဲ့ဖြင့် လုပ်ငန်းခွင်အရောက် ကွင်းဆင်းဆေးကုသပေးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment