ဘရက်စ် ဇွန် ၂၂
2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် ၁၂ နာရီတွင် ဘရက်စ်မြို့ Brest Regional Community and Cultural Center ၌ ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့ ဖိတ်ကြားထားသော နိုင်ငံ ၁၇ နိုင်ငံမှ လွှတ်တော်ဥက္ကဋ္ဌများ၊ အဆင့်မြင့်နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ တက်ရောက်ကာ စုံညီအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မိန့်ခွန်းတစ်ရပ် ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ယနေ့နံနက် ၃ နာရီတွင်
ဖိုရမ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့ရှိ ဘရက်စ်သူရဲကောင်းခံတပ်
အထိမ်းအမှတ်ဝင်း (“Brest Hero Fortress” Memorial Complex) ၌ ကျင်းပပြုလုပ်သည့် ၁၉၄၁
ခုနှစ် ဇွန် ၂၂ ရက်တွင် ဒုတိယကမ္ဘာ (မဟာမျိုးချစ်) စစ်အတွင်း ကျဆုံးခဲ့ရသူများနှင့်
ဘယ်လာရုစ်ပြည်သူများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ “အမျိုးသားအောက်မေ့ဖွယ်နေ့”
(Day of National Remembrance of Victims of the Great Patriotic War and the Genocide
of Belarusian People) အထိမ်းအမှတ် နိုင်ငံတကာ ဝတ်ပြုဆုတောင်းပွဲနှင့် စစ်ရေးပြအခမ်းအနားသို့
ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် နာတာလီယာ ပတ်ကီဗစ် (Natalya Petkevich)၊ ရုရှားနိုင်ငံ
ဒူးမားလွှတ်တော်ဥက္ကဋ္ဌ ဗီယာချက်စလပ် ဗိုလိုဒင် (Vyacheslav Volodin)၊ ဖိတ်ကြားထားသော
ပြည်ပနိုင်ငံအသီးသီးမှ လွှတ်တော်ဥက္ကဋ္ဌများ၊ အဆင့်မြင့်နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့များ၊
ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူထောင်ပေါင်းများစွာတို့နှင့်အတူ တက်ရောက်ခဲ့ပြီး စစ်ပွဲအတွင်း
ကျဆုံးခဲ့ရသည့် ရဲဘော်များနှင့် ပြည်သူများအား ရည်စူး၍ ထာဝရမီးလျှံ (Eternal
Flame) နှင့် အထိမ်းအမှတ် ကျောက်စာဂူများရှေ့၌ လွမ်းသူ့ပန်းခွေများချထားပြီး တက်ရောက်လာကြသူများနှင့်အတူ
တစ်မိနစ်ငြိမ်သက်ကာ အလေးပြုခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ
ကိုယ်စားလှယ်များအပါအဝင် လူဦးရေ ၁၅၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည်
ဖိုရမ်ကျင်းပရာ Brest Regional Community and Cultural Center ၌ ဒေသစံတော်ချိန် ယနေ့နံနက်
၉ နာရီ ၄၅ မိနစ်တွင် ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor
SERGEYENKO နှင့် လည်းကောင်း၊ နံနက် ၁၀ နာရီခွဲတွင် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ
H.E. Mr. Vyacheslav Volodin နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးရာ အဆိုပါတွေ့ဆုံပွဲတွင်
နှစ်နိုင်ငံဥပဒေများကို လေးစားလိုက်နာပြီး လွှတ်တော်အချင်းချင်း ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment