Tuesday, May 5, 2026

အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်ပြားများကို Online တွင် ကြော်ငြာ၍ စာရွက်စာတမ်းအတုများ ထုတ်ပေးလျက်ရှိသဖြင့် ပွဲစားများ၊ အကောင့်အတု (Fake Account) များနှင့် လုံးဝဆက်သွယ်ခြင်းမပြုရန် အများပြည်သူသို့ အသိပေးကြေညာ


နေပြည်တော် မေ ၄

၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ပြည်သူများအတွက် လက်ငင်းဦးစားပေးလုပ်ငန်းအဖြစ် အသက် (၁၈) နှစ် ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် နိုင်ငံသားများအား သက်ဆိုင်ရာ လဝကရုံးများတွင်လည်းကောင်း၊ အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစာသင်ကျောင်းများတွင်လည်းကောင်း လမင်းစီမံချက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂။ ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူလက်မှတ်များ ပျက်စီး/ ပျောက်ဆုံးမှုများအား e-ID စနစ်ဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေး၍ မြို့နယ်အဆင့် (၅) ဦး ကော်မတီဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်များ ပြန်လည်ဆောင်ရွက် ထုတ်ပေးလျက်ရှိပါသည်။

၃။ သို့ရာတွင် အချို့သောပြည်သူများသည် ရုံးလုပ်ငန်းများ ဆောင်ရွက်တတ်ခြင်းမရှိသဖြင့် ပွဲစားများအသုံးပြုဆောင်ရွက်ခဲ့ရာ မလိုလားအပ်သည့်ပြဿနာများ၊ စာရွက်စာတမ်းအတုများ ရရှိခဲ့ကြပါသည်။

၄။ သို့ဖြစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ကြမည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ လာရောက်သည့် အခါ ရုံးများအဝင်ရှိ ဧည့်ကြိုကောင်တာတွင် လဝကဝန်ထမ်းများမှ စိစစ်စာရင်းသွင်းပြီးနောက် အခက်အခဲရှိသည့်ပြည်သူများအတွက် အတူလိုက်ပါပြီး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ အထောက်အထားပြည့်စုံပါက လုပ်ငန်းဆောင်ရွက်မှုအား နေ့ချင်းပြီးဆောင်ရွက်ပေးမည်ဖြစ်ပြီး အထောက်အထား အချက်အလက်မပြည့်စုံပါက လိုအပ်သည့်အထောက်အထားများကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးအချင်းချင်း ချိတ်ဆက်ကာ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ကာယကံရှင်များအတွက် သိရှိလိုသည်များ၊ ယူဆောင်လာရမည့် အထောက်အထားများနှင့်ပတ်သက်၍ လဝကမြို့နယ်ရုံးအသီးသီး၌ ဗီနိုင်းများချိတ်ဆွဲခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

၅။ ဝန်ကြီးဌာနမှ ဝန်ဆောင်မှုပေးသည့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်ပြားများကို အောက်ဖော်ပြပါအကောင့်အတု (Fake Account) များမှ Online တွင် ကြော်ငြာ၍ စာရွက်စာတမ်းအတုများ ထုတ်ပေးလျက်ရှိသဖြင့် အမှုဖွင့်တရားစွဲ ဆောင်ရွက်လျက် ရှိသောကြောင့် ပွဲစားများ၊ အကောင့်အတု (Fake Account) များနှင့် လုံးဝဆက်သွယ်ဆောင်ရွက်ခြင်းမပြုပါရန်နှင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ ကာယကံရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်-

(က) Account Name   - Shwe yamin (09-444810929 ၊ 09-968720062၊ 09-955550231)

https://www.tiktok.com/@shwe.yamin297?_r=1&_t=ZS-964iVHFlPIm

( ခ )     Account Name            -           Phyu zin (မှတ်ပုံတင်ရုံး)(09-962738756၊ 09-952733267)

https://www.tiktok.com/@phyu.zin5906?_r=1&_t=ZS-964iZOY0OeY

( ဂ ) Account Name   - ရတီမေဦးမှတ်ပုံတင်ဝန်ဆောင်မှု (09-985955682၊ 09-971355796)

https://www.tiktok.com/@wai.yan.moe537?_r=1&_t=ZS-964ikTbUEZM

(ဃ)     Account Name            -           မှတ်ပုံတင်ဝန်ဆောင်မှု (09-780788106 ၊ 09-798700781)

https://www.tiktok.com/@user26765611615576?_r=1&_t=ZS-964j5cRwwcM

( င )     Account Name            -           Oomin (09-764180425)

https://www.tiktok.com/@ooye852?_r=1&_t=ZS-964jDC ybqh0

( စ )     Account Name            -           Ko Hein (09-971355796 ၊ 09-985955682၊ 09-785068854)

https://www.tiktok.com/@..kohein0?_r=1&_t=ZS-964tO P1yZ3n

၆။        ပြည်သူများအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များ၊ လုပ်ငန်းအဆင်မပြေမှုများနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း ဆောင်ရွက် နိုင်ပါကြောင်း အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်-

            -           အမျိုးသားမှတ်ပုံတင်နှင့်            -           ၀၆၇-၃၄၃၁၀၄၅/         

                        နိုင်ငံသားဦးစီးဌာန                   ၃၄၃၁၀၅၆

            -           အီလက်ထရောနစ်        -           ၀၆၇-၃၄၃၁၅၅၁

                        မှတ်ပုံတင်စနစ်ဦးစီးဌာန

            -           ကချင်ပြည်နယ်ဦးစီးမှူးရုံး         -           ၀၉-၂၆၃၅၁၉၇၈၇

            -           ကယားပြည်နယ်ဦးစီးမှူးရုံး       -           ၀၉-၂၅၀၀၆၄၀၅၀

            -           ကရင်ပြည်နယ်ဦးစီးမှူးရုံး          -           ၀၉-၄၂၂၄၆၈၉၈၂

            -           ချင်းပြည်နယ်ဦးစီးမှူးရုံး -           ၀၉-၄၀၀၃၁၀၈၂၀

            -           စစ်ကိုင်းတိုင်းဒေသကြီး -           ၀၉-၇၆၂၆၄၁၄၆၉

                        ဦးစီးမှူးရုံး

            -           တနင်္သာရီတိုင်းဒေသကြီး           -           ၀၉-၂၅၀၉၅၀၅၅၀

                        ဦးစီးမှူးရုံး

            -           ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး     -           ၀၉-၄၂၁၀၆၀၃၇၀

            -           မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး -           ၀၉-၄၅၀၀၆၄၉၈၅

            -           မန္တလေးတိုင်းဒေသကြီး             -           ၀၉-၄၀၇၅၉၀၆

                        ဦးစီးမှူးရုံး

            -           မွန်ပြည်နယ်ဦးစီးမှူးရုံး  -           ၀၉-၆၉၂၂၇၆၃၅၈

            -           ရခိုင်ပြည်နယ်ဦးစီးမှူးရုံး           -           ၀၉-၄၃၀၇၀၇၈၉

            -           ရန်ကုန်တိုင်းဒေသကြီး  -           ၀၉-၄၃၀၃၅၈၂၉

                        ဦးစီးမှူးရုံး

            -           ရှမ်းပြည်နယ်ဦးစီးမှူးရုံး -           ၀၉-၆၉၉၀၃၂၈၀၅

            -           ဒုတိယပြည်နယ်           -           ၀၉-၆၇၇၆၁၈၂၂၈

                        ဦးစီးမှူးရုံး(ရှမ်းမြောက်)

            -           ဒုတိယပြည်နယ်ဦးစီးမှူးရုံး        -           ၀၉-၄၂၈၂၃၅၁၄၈

                        (ရှမ်းအရှေ့)

            -           ဧရာဝတီတိုင်းဒေသကြီး -           ၀၉-၈၉၈၉၄၂၀၆၉

                        ဦးစီးမှူးရုံး

            -           ပြည်ထောင်စုနယ်မြေ   -           ၀၉-၄၂၇၂၂၇၀၁၁

                        ဦးစီးမှူးရုံး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

No comments:

Post a Comment