နေပြည်တော် မေ ၂၇
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်အဖြစ် အမှတ် (၃) အဆန်/အမှတ် (၄) အစုန်နှင့် အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားများအား ၂၀၂၆ ခုနှစ် မေလအတွင်း စတင်ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များ ကြိုက်နှစ်သက်၍ စီးနင်းမှုများသောကြောင့် အမှတ် (၉) အဆန်/အမှတ် (၁၀) အစုန်လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှ စတင်၍ အောက်ပါအချိန်ဇယားအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်-
အထက်ပါ တိုးချဲ့ပြေးဆွဲမည့် အမှတ် (၉) အဆန်/အမှတ် (၁၀)
အစုန်ရထားသည် ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တစ်လျှောက်တိုးကြောင်ကလေး၊ ပဲခူး၊
ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး
လက်မှတ်ခနှုန်းထားမှာ ယခင်အတိုင်း ခရီးစဉ်အစဆုံး အထက်တန်း ၄၈၀၀၀ ကျပ်နှင့် ပထမတန်း
၃၄၀၀၀ ကျပ်တို့ဖြစ်သည်။
ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း အထက်ဖော်ပြပါလေအေးပေးစက်ပါ
ခေတ်မီ DEMU လူစီးအမြန်ရထားများအပြင် လေအေးပေးစက်ပါ အထက်တန်းလူစီးတွဲ နှစ်တွဲပါရှိသော
လေအိတ်ရထားဖြစ်သည့် အမှတ် (၁၁) အဆန်/အမှတ် (၁၂) အစုန် ရန်ကုန်-မန္တလေး-ရန်ကုန်
ခရီးစဉ်ရထားများ ပြေးဆွဲလျက်ရှိပြီး ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အား
လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများဖြစ်သော အမှတ်
(၇) အဆန်/အမှတ် (၈) အစုန်နှင့် အမှတ် (၃၁) အဆန်/အမှတ် (၃၂) အစုန်ရထားများ
ပြေးဆွဲပေးလျက်ရှိသည်။
အဆိုပါရထားများ၏
ထိုင်ခုံလက်မှတ်များအား Online
Railways Ticketing and Payment (ORTP) စနစ်တွင် အွန်လိုင်းမှ
ကြိုတင်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးဘူတာများအတွက် (၇) ရက်နှင့်
ကြားဘူတာများအတွက် (၅) ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်း
ပဲခူး-ရန်ကုန်-ပဲခူး ခရီးစဉ်အဖြစ် လေအေးပေးစက်ပါ ခေတ်မီ DEMU ရထားဖြစ်သည့် အမှတ်
(၁၅) အဆန်/အမှတ် (၁၆) အစုန်ရထားနှင့် RBE ခရီးတို ရထားများဖြစ်သော
မန္တလေး-သာစည်-မန္တလေးခရီးစဉ်အဖြစ် အမှတ် (သ-၃၀၁) အဆန်/(သ-၃၀၂) အစုန်၊
သာစည်-နေပြည်တော်-သာစည် ခရီးစဉ်အဖြစ် အမှတ် (သ-၄၀၁) အဆန်/(သ-၄၀၂) အစုန်၊
နေပြည်တော်-တောင်ငူ-နေပြည်တော် ခရီးစဉ်အဖြစ်အမှတ် (သ-၅၀၁) အဆန်/(သ-၅၀၂) အစုန်နှင့်
တောင်ငူ-ပဲခူး-တောင်ငူ ခရီးစဉ်အဖြစ် အမှတ်(သ-၆၀၁) အဆန်/(သ-၆၀၂) အစုန်ရထားများအား
ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment