နေပြည်တော် မေ ၂၂
ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင်ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်ပြီး လူငယ်များ ခေတ်မီနည်းပညာများ နားလည်တတ်ကျွမ်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ
တိုင်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်
တာဝန်ရှိသူများက သင်တန်းဆင်းထူးချွန်ဆု ရရှိသူများအား
သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါကွန်ပျူတာအခြေခံသင်တန်းကို တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်ရင်းတပ်ဖွဲ့များမှ
တပ်မတော်သားမိသားစုဝင် သင်တန်းသားသင်တန်းသူ ၃၂၂ ဦးဖြင့် မေ ၄ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment