Monday, May 18, 2026

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

မန္တလေး မေ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်သည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာ ထမုန်ကန်ကျေးရွာနှင့် သပြေဝကျေးရွာများတွင် ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိရေး ဆိုလာရေတင်စနစ်ဖြင့် စက်ရေတွင်းတူးဖော်ခြင်း၊ နွေရာသီကာလအတွင်း ရေသိုလှောင်နိုင်ရန် မြေသားရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

စနစ်တကျဆောင်ရွက်

ထို့နောက် ဝမ်းတွင်းမြို့နယ် သိမ်တောင်တောရ ကျောင်းတိုက်အတွင်းရှိ သောက်သုံးရေကန် ကောလာနေမှုအတွက် သောက်သုံးရေအရည်အသွေးစစ်ဆေးပြီး မြေသားရေကန်၏ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သည့် မြေလွှာများမပါရှိစေရန်နှင့် ရေစိမ့်ဝင်မှုမရှိစေရန် တူးဖော်ထားသော မြေသားမျက်နှာပြင်များကို စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ဝမ်းတွင်းမြို့နယ် ရွာရှည်ကျေးရွာရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ကူမဲမြို့ပြက္ခရွေတောင်တော် တက်လမ်းတွင် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment