နေပြည်တော် မေ ၁၅
အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လက်တွေ့အသုံးချဘာသာရပ်များနှင့်အတူ ဗဟုသုတရရှိစေပြီး အတတ်ပညာများ တိုးပွားစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် နွေရာသီသင်တန်းများဖြစ်သည့် အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းများ ဆင်းပွဲကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းအလိုက် ဆုရရှိကြသည့် ကျောင်းသား
ကျောင်းသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့်
ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင်း
ပေးအပ်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။
သတင်းစဉ်
%20photos-8.jpg)
No comments:
Post a Comment