နေပြည်တော် မေ ၁၉
အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၉) သင်တန်းသားများသည် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဒုတိယနေ့အဖြစ် သင်တန်းစခန်းအလိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။
နံနက်ပိုင်းတွင် RC လေယာဉ်မောင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြန်မာပြည်မြောက်ပိုင်း သင်တန်းစခန်း၊ မြန်မာပြည် တောင်ပိုင်းသင်တန်းစခန်း၊ ရန်ကုန်သင်တန်းစခန်း၊ မော်လမြိုင်သင်တန်းစခန်း၊ မြစ်ကြီးနား သင်တန်းစခန်း၊ နမ့်စန်သင်တန်းစခန်း၊ တောင်ကြီးသင်တန်းစခန်း၊ တောင်ငူသင်တန်းစခန်း၊ လွိုင်ကော်သင်တန်းစခန်း၊ မြိတ်သင်တန်းစခန်း၊ မကွေးသင်တန်းစခန်း၊ မုံရွာသင်တန်းစခန်း၊ ဟုမ္မလင်းသင်တန်းစခန်း၊ ပုသိမ်သင်တန်းစခန်း၊ မိတ္ထီလာသင်တန်းစခန်း၊ နေပြည်တော်သင်တန်းစခန်း၊ ကျိုင်းတုံသင်တန်းစခန်း၊ ပြည်သင်တန်းစခန်း၊ မန္တလေးသင်တန်းစခန်းနှင့် ကိုကိုးကျွန်းသင်တန်းစခန်း စသည့်သင်တန်းစခန်း ၂၀ မှ သင်တန်းသားများ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။
မွန်းလွဲပိုင်းတွင် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ RC ရဟတ်ယာဉ်မောင်းပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ကြသည်။
လေကြောင်းလူငယ်သင်တန်း သားများအနေဖြင့် ပျံသန်းမှုဆိုင်ရာ အခြေခံသဘောတရားများ၊ လေယာဉ်/ရဟတ်ယာဉ်များ၏ တည်ဆောက်ပုံဆိုင်ရာအခြေခံ သဘောတရားများအား သိရှိစေရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ သင်တန်းစခန်းအသီးသီးမှ အုပ်ချုပ်သူနည်းပြများ၊ ဆရာ ဆရာမများနှင့် သင်တန်းသားများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment