Tuesday, May 19, 2026

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်များ ညှိနှိုင်းဆွေးနွေး



နေပြည်တော် မေ ၁၈

ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်များ ညှိနှိုင်းဆွေးနွေးခြင်းကို မေ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက ကျင့်ဝတ်သိက္ခာ စောင့်ထိန်း လိုက်နာမှုသည် အဖွဲ့အစည်း၏ အောင်မြင်မှုနှင့် တိုက်ရိုက်သက်ရောက်သဖြင့် အထူးအလေး ထားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေးတင်ပြ

ထို့နောက် ပထမနေ့အဖြစ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး နှင့် မန္တလေးတိုင်းဒေသကြီးစာရင်း စစ်ချုပ်များက လည်းကောင်း၊ ဆွေးနွေးပွဲ ဒုတိယနေ့တွင် မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီတိုင်း ဒေသကြီးတို့မှ စာရင်းစစ်ချုပ်များကလည်းကောင်း လုပ်ငန်းပိုင်း ဆိုင်ရာများ ဆွေးနွေးတင်ပြကြပြီး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက စစ်ဆေးရေး၊ စီမံခန့်ခွဲမှု နှင့် ဝန်ထမ်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဒုတိယစာရင်းစစ်ချုပ်က လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုစာရင်း စစ်ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment