နေပြည်တော် မေ ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် ဆင်လမ်း (၂) ရေလှောင်တမံစီမံကိန်းကို ကြည့်ရှုစစ်ဆေးသည်။
ဆင်လမ်း (၂) ရေလှောင်တမံစီမံကိန်းသည် ဆင်လမ်းရေလှောင်တမံမှ
ပိုလျှံရေများကို ထိန်းသိမ်းသိုလှောင်ပြီး ယင်းသာမရေလွှဲဆည်မှတစ်ဆင့်
ရတနာပုံမြို့သစ်အတွက် ရေဂါလန် ၁၀ သိန်း ရေကူဖြည့်တင်းပေးနိုင်ရန်နှင့် ရပ်ကွက်ကြီး
(၉၊ ၁၆၊ ၁၇၊ ၁၈)တို့၏ အနာဂတ်ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အပြင် ပိုလျှံရေများဖြင့်
ဆင်လမ်းချောင်းဘေးဝဲ၊ ယာရှိ စိုက်ပျိုးမြေများအတွက် စိုက်ပျိုးရေပေးဝေနိုင်ရန်
ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည်။
ယင်းနောက် ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးသုတေသနစခန်းအစည်းအဝေးခန်းမ၌လည်းကောင်း၊
ပြင်ဦးလွင်မြို့နယ် သုံးတောင်ရွာဓမ္မာရုံ၌လည်းကောင်း ဒေသခံမွေးမြူရေးလုပ်ငန်းရှင်၊
မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ နို့စားနွားနှင့် အသားတိုးနွားမွေးမြူရေးလုပ်ငန်းများ
မြှင့်တင်ဆောင်ရွက်နိုင်ရေးဌာနမှ စီမံကူညီပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment