ရွှေတောင် မေ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာ၊ ကွင်းအမှတ် 421၊ မင်းရွာကွင်း၊ ရေဆင်းပေါ်ဆန်း - (၁) ၄၂ ဧကနှင့် ရေဆင်းပေါ်ဆန်း - (၂) ၂၀ ဧက စုစုပေါင်း (၆၂) ဧက မျိုးစေ့ထုတ်စိုက်ခင်းတွင် ယနေ့နံနက်ပိုင်းက ရောက်ရှိကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအခမ်းအနားတွင်
ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းမှ တောင်သူများအား ဒေသနှင့်ကိုက်ညီသည့် သက်တမ်းတို
အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ဓာတ်မြေသြဇာအပြင် သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲရေး၊
ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများသုံးစွဲရာတွင် သဘာဝပတ်ဝန်းကျင်း ထိခိုက်မှုမရှိစေရေးနှင့်
စပါးအထွက်နှုန်း ထိခိုက်မှုမရှိစေရေးတို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော
တောင်သူများသို့ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်၍ ရေဆင်းပေါ်ဆန်း
- (၁) မျိုးစေ့ထုတ် စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
(ပြန်/ဆက်)



No comments:
Post a Comment