Sunday, May 31, 2026

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်




‎‎မဟာအောင်မြေ မေ ၃၁

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက် ၇၉ A × ၄၀ × ၄၁ လမ်းကြားရှိ အလျား(၈၀၀)ပေ၊ အနံ(၂၀)ပေရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ရပ်မိရပ်ဖ ဦးနိုင်ဝင်းအောင်က ကျေးဇူးတင်စကားပြောကြားပြီးနောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို တက်ရောက်လာသော တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ ကိုယ်ထူကိုယ်ထဖြင့် ဆောင်ရွက်ထားသည့် အလျား(၈၀၀)ပေ အနံ(၂၀)ပေရှိ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

‎‎အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးယဉ်မောင်ဟိန်း (ခ)ဦးယဉ်မောင်ထွန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးဉာဏ်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း

No comments:

Post a Comment