နေပြည်တော် မေ ၂၄
ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် အားလုံး၌ မိုးရာသီတွင်မ ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးကို ပြည်သူလူထုပါဝင် သောလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ
ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည်
မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် ရန် ခြင်ကျားပိုးလောက်လမ်း
နှိမ်နင်းရန်အတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ ခြင်လောက်လမ်း သေဆေး (အဘိတ်)
ခတ်ခြင်းလုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါများ မဖြစ်စေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ၊
ကျန်းမာရေး အသိပညာမျှဝေခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် မရမ်းကုန်းမြို့နယ်
အမှတ် (၁) ရပ်ကွက် မိုးကောင်းဓမ္မာရုံ၌ သန်လျင်ပြည်သူ့ဆေးရုံ ကြီးမှ ဆေးရုံအုပ်ကြီး
ဦးဆောင် သော အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်ပေး နေမှု၊ မျက်စိရောဂါအထူးကု
ဆေးရုံကြီး (ရန်ကုန်) မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများက
ဉာဏ်ရည်တု (AI) နည်းပညာသုံး မျက်စိစမ်းသပ် စစ်ဆေးပေးမှု တို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment