Tuesday, May 12, 2026

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

 


၁။        နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါ အခွင့်အရေးများ၊ နိုင်ငံတော်က လက်ခံထားသည့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာ သဘောတူစာချုပ်များတွင်ပါရှိသည့် လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ ၃၀ အရ ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက်သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍ သော်လည်းကောင်း ကော်မရှင်သို့ တိုင်ကြားနိုင်ပါသည်။

၂။         တိုင်ကြားမှုကို ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် (၂၇)၊ (၆) မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ သို့လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(ရုံးခွဲ) နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်မြို့တို့သို့လည်းကောင်းလိပ်မူ၍ စာတိုက်မှဖြစ်စေ၊ သက်ဆိုင်ရာ ကော်မရှင်ရုံးသို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖက်စ် ၀၁၈-၆၅၄၆၇၈၊ ကော်မရှင် e-mail လိပ်စာဖြစ်သော info@mnhrc.org.mm တို့မှ တစ်ဆင့်ဖြစ်စေ ပြုလုပ်နိုင်ပါသည်။

၃။        တိုင်ကြားရာတွင် အောက်ပါအချက်များ ပြည့်စုံစွာဖော်ပြရမည် ဖြစ်ပါသည်-

(က)     တိုင်ကြားသူ၏ အမည်၊ အမြဲတမ်းနေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ (ဆက်သွယ်ရန် ဖုန်း၊ ဖက်စ်နှင့် e-mail တို့ရှိလျှင် ထည့်သွင်းဖော်ပြရန်)

(ခ)       တိုင်ကြားသူသည်မည်ကဲ့သို့ လူ့အခွင့်အရေး ဖောက်ဖျက်ခံရပြီး နစ်နာဆုံးရှုံးကြောင်း ပြည့်စုံစွာဖော်ပြချက်၊ လိုအပ်ပါက မှတ်တမ်းဓာတ်ပုံနှင့် အထောက်အထားမိတ္တူများ ပူးတွဲလျက်ပေးပို့ရန်၊

(ဂ)       တိုင်ကြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ မဖြစ် မနေ ပူးတွဲပေးပို့ရန်၊

(ဃ)     တိုင်ကြားချက်ပါ အကြောင်းအရာများ မှန်ကန်ကြောင်း တိုင်ကြားသူမှ လက်မှတ်ရေးထိုးပေးပို့ရန်။

၄။ ကော်မရှင်သည် ယင်းတိုင်ကြားချက်များကို စိစစ်၍ ကော်မရှင်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်‌ဆေးပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ‌ရေးကော်မရှင်

No comments:

Post a Comment