Thursday, May 28, 2026

နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်အုတ်စက်ရုံနှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး



နေပြည်တော် မေ ၂၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအနီးရှိ နေပြည်တော်အုတ်စက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် အုတ်အရည်အသွေးပြည့်မီကောင်းမွန်စေရန်၊ ကုန်ထုတ်လုပ်မှုကို အရှိန်အဟုန်မပျက်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားပြီး စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်သည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ် ဇမ္ဗူသီရိအထူးကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဆေးရုံရှိ ဓာတ်ခွဲဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ရောင်ခြည်ကင်ဆာကုသမှုဌာနနှင့် ငလျင်ကြောင့် အနီရောင်အဆင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment