နေပြည်တော် မေ ၆
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများနှင့် ယနေ့နံနက်ပိုင်းတွင် မအူတောကျေးရွာအုပ်စု စိမ်းစားပင်ကျေးရွာ သုခရတနာကျောင်းတိုက် ဓမ္မာရုံ၌ ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးခင်ရီက ယခုကဲ့သို့ ဇေယျာသီရိမြို့နယ်ရှိ ဒေသခံပြည်သူများ အား တွေ့ဆုံရသည့်အတွက် လွန်စွာဝမ်းမြောက်မိပါကြောင်း၊
လွှတ်တော်ဆိုသည်မှာ မဲဆန္ဒရှင်ပြည်သူများက မဲပေးရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ
ပေါင်းစည်းထားသည့်နေရာဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ အားကိုးအားထားပြုရမည့်
နေရာတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် ပြည်သူတစ်ရပ်လုံး ငြိမ်းငြိမ်းချမ်းချမ်းနှင့်
ဂုဏ်သိက္ခာရှိစွာဖြင့် ဥပဒေ၏အကာအကွယ်အောက်တွင် နေထိုင်နိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
လွှတ်တော်အနေဖြင့် ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် လက်ရှိပြဋ္ဌာန်းထားရှိသော
တည်ဆဲဥပဒေများနှင့်စပ်လျဉ်း၍ အမြန်ဆုံးပြန်လည်သုံးသပ်ပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊
အသစ်ပြန်လည်ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့်
လွှတ်တော်၏လုပ်ငန်းစဉ်များကို သိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့ပြင် လွှတ်တော်၏ဆောင်ပုဒ်နှင့်အညီ
“ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူတို့၏ မျှော်လင့်ချက်
လွှတ်တော်က ဖော်ဆောင်ရွက်”ဆိုသည့်အတိုင်း မဲဆန္ဒရှင်ပြည်သူ များ၏ဆန္ဒများနှင့် လိုလားချက်များကို
နိုင်ငံတော်အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ရေးအတွက် ပြည်သူများ၏အသံကို
နိုင်ငံတော်အစိုးရထံ ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ရက်
(၁၀၀) စီမံချက်ဖြင့် ဖွံ့ဖြိုးရေးကိစ္စရပ်များကို ပြည်သူလူထုအတွက် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယခု ဒေသခံ ပြည်သူများနှင့်တွေ့ဆုံစဉ်တွင်လည်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များရှိပါက
လွှတ်တော်မှတစ်ဆင့် နိုင်ငံတော်အစိုးရထံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့
တက်ရောက်လာကြသည့် ဒေသခံမဲဆန္ဒရှင်ပြည်သူများက ငလျင်ကြောင့် ပျက်စီးခဲ့သည့် စေတီ၊ ပုထိုးများ
ပြန်လည်ပြင်ဆင်ပေးနိုင်ရေး၊ ကျေးရွာတွင်းနှင့် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းများ ခင်းပေးနိုင်ရေး၊
လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေးအတွက် စက်သုံးဆီရရှိရေးတို့နှင့်စပ်လျဉ်းသည့် တင်ပြချက်များအပေါ်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုတင်ပြချက်များကို မှတ်တမ်းတင်ထားရှိပါကြောင်း၊ လတ်တလောဆောင်ရွက်ပေးနိုင်သည့်
ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
ရေရှည် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ကွင်းဆင်းစစ်ဆေး၍ ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး
လိုက်လံနှုတ်ဆက်သည်။
သတင်းစဉ်

No comments:
Post a Comment