နေပြည်တော် ဧပြီ ၃၀
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ တော်အစိုးရ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌
ကျင်းပသည်။
အခမ်းအနားသို့
စာတမ်း ဖတ်ပွဲ သဘာပတိဆရာတော်ကြီးများဖြစ်ကြသည့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်
(ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဇောတိက၊ နိုင်ငံတော်ပရိယတ္တိ
သာသနာ့တက္ကသိုလ် (မန္တလေး)၊ ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပဒုမသာရနှင့်
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ
ဘဒ္ဒန္တနောဓိဉာဏ၊ စာတမ်းရှင် ဆရာတော်များ ကြွရောက်တော် မူကြပြီး သာသနာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးလင်းအောင်၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊
အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို
နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သဘာ ပတိဆရာတော် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်
(ရန်ကုန်)၊ ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိက က အဖွင့်ဩဝါဒကထာကိုလည်းကောင်း၊
နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)၊ ဒုတိယပါမောက္ခချုပ်ဆရာတော် ဒေါက်တာ
ဘဒ္ဒန္တ ပဒုမသာရကစာတမ်းများနှင့်စပ်လျဉ်း၍ ဩဝါဒကထာကိုလည်းကောင်း မိန့်ကြား ချီးမြှင့်တော်မူကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာထေရဝါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ကိုးကွယ်မှုနှင့်သာသနာ ပြုဌာန၊ ဌာနကြီးမှူး ဆရာတော် ဒေါက်တာဘဒ္ဒန္တဇနကက
‘‘ဗျာဒိတ်တော်နှင့် ခရီးရှည် ပန်းတိုင်’’ စာတမ်းကို လည်း ကောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်
(ရန်ကုန်) မှ အဘိဓမ္မ ပိဋကမဟာဌာန၊ ပါမောက္ခ/ဌာနမှူး ဆရာတော် ဒေါက်တာ ဘဒ္ဒန္တထေရိန္ဒက
‘‘ဘုရားအလောင်းတော်မြတ် ပဋိသန္ဓေယူ ဖွားမြင်တော်မူရာ၌ ထူးခြားဖြစ်ရပ်များ’’ စာတမ်းကိုလည်းကောင်း၊
သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်(စစ်ကိုင်း)မှ သုတေ သနကျမ်းပြုဌာန၊ ပါမောက္ခဆရာတော် ဒေါက်တာ
ဘဒ္ဒန္တဉာဏဝရ က ‘‘မာရဝိဇယမြတ်ဗုဒ္ဓ၏ မာရ်နတ် အောင်မြင်တော်မူခန်းကို လက်တွေ့အသုံးချ
ဗုဒ္ဓဘာသာ (Applied Buddhism) ရှုထောင့်ဖြင့် လေ့လာခြင်း’’ စာတမ်းကိုလည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ
သာသနာ့တက္ကသိုလ် (မန္တလေး) မှ ဝိနယပိဋက မဟာဌာန၊ လက်ထောက်ကထိက ဆရာ တော် ဘဒ္ဒန္တ သောဘိတ
က ‘‘မြတ်ဗုဒ္ဓပရိသတ်နှင့် မာရ်နတ်၏ အန္တရာယ်စက်ကွင်း’’ စာတမ်းကို လည်းကောင်း ဖတ်ကြားကြပြီး
စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက စာတမ်းများအလိုက် သိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ
စာတမ်းရှင် ဆရာတော်များက ပြန်လည်ဖြေကြားကြသည်။
ယင်းနောက် သာသနာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးလင်းအောင်က သဘာပတိဆရာ တော်ကြီးများနှင့် စာတမ်းရှင်ဆရာတော်များအား စာတမ်းဖတ်ပွဲအခမ်းအနား
ဂုဏ်ပြုမှတ်တမ်း လွှာများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် သဘာပတိအပြည်ပြည်ဆိုင်ရာ
ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနောဓိဉာဏက
စာတမ်းများနှင့်စပ်လျဉ်း၍ အနှစ် ချုပ် သုံးသပ်ချက် မိန့်ကြားချီးမြှင့်တော်မူပြီး အခမ်းအနားကို
‘‘ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု’’ သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:
Post a Comment