နေပြည်တော် မေ ၁၈
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသား ပြတိုက် (နေပြည်တော်) Mini Theatre ၌ ကျင်းပသည်။
အွန်လိုင်းဖြင့်
တက်ရောက်
အခမ်းအနားသို့
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊
ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပညာရှင်များ
တက်ရောက်ကြပြီး မြန်မာနိုင်ငံပြတိုက်များ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနလက်အောက်မှ ပြတိုက်တာဝန်ခံများ၊ ဝန်ကြီးဌာနများမှ
ပြတိုက်များနှင့် ပုဂ္ဂလိကပြတိုက် ဖွင့်လှစ်မည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက
အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
အားလုံးကို
ချိတ်ဆက်ပေးနိုင်
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ဆောင်ပုဒ် ကို
Museums Uniting a Divided World “ကွဲပြားခြားနားသော ကမ္ဘာကြီးအား ပေါင်းစည်းပေးသောပြတိုက်များ”
ဟူသည့် ဆောင်ပုဒ်ကို သတ်မှတ်ပေးခဲ့ကြောင်း၊ ယနေ့ကမ္ဘာတွင် ပြတိုက်များသည် လူသားအားလုံးကို
ချိတ်ဆက်ပေးနိုင်သည့် တံတားတစ်စင်းအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး
ပြတိုက်ပညာရှင် ဒေါ်နုမြဇံ ဦးဆောင်၍ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တပ်မတော်စစ်သမိုင်းပြတိုက်နှင့်
အမျိုးသားပြတိုက် (နေပြည်တော်) တို့မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏
ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment