နေပြည်တော် မေ ၆
ချောင်းမငယ် ဆည်ရေသောက် ဧရိယာအတွင်း (၂၀၂၅-၂၀၂၆) ခုနှစ် နွေစပါး၊ နွေသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုး ရေများကို မတ် ၁ ရက်မှစတင်၍ တူးမြောင်းမကြီးနှင့် လက်တံ မြောင်းများမှ ရေအလေအလွင့် နည်းပါးစွာဖြင့် ဌာနနှင့် တောင်သူ များ ပူးပေါင်းကာ စနစ်တကျစီမံ ၍ စိုက်ပျိုးရေပေးဝေလျက်ရှိရာ နွေစပါး ၄၂၆၆ဧကနှင့် နွေသီးနှံ ၄၄၁ ဧက စုစုပေါင်း စိုက်ဧက ၄၇၀၇ ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ချောင်းမငယ်ရေလှောင်တမံ၏ မေ ၆ ရက် သိုလှောင်ရေပမာဏမှာ ၇၅၂၅၄ ဧကပေဖြစ်ပြီး နွေစပါးနှင့် နွေသီးနှံစိုက်ဧကများ
အတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်သည်။
နေပြည်တော် လယ်ဝေး မြို့နယ်အတွင်းရှိ ချောင်းမငယ်ရေလှောင်တမံသည်
ကန်ရေပြည့် ရေလှောင်ပမာဏမှာ ဧကပေ ၉၁၇၇၀ ဖြစ်ပြီး ချောင်းမငယ်ရေလှောင်တမံ၏ စိစစ်ဧရိယာ မှာ ၇၂၁၉ ဧကဖြစ်ကာ နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် နွေသီးနှံများ ကို ဆည်ရေပေးဝေလျက်ရှိသည်။
ထို့အပြင် ချောင်းမငယ်ဆည် ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်မှတစ်ဆင့်
နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ တစ်ရက်လျှင် မြို့ပြသောက်သုံး ရေဂါလန် ၉၄ သိန်း ပေးဝေ လျက်ရှိကြောင်း သိရသည်။
ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်း
ဆည်ရေပေးဝေမှုစနစ်များ ကောင်းမွန်စေရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေအသုံးချသူ တောင်သူများနှင့် ပူးပေါင်း၍
စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မောင်မွှေး

No comments:
Post a Comment