Wednesday, May 6, 2026

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေ

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မေ ၄ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အပြည်ပြည်ဆိုင်ရာ စစ်တုရင်လူငယ်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဆုလွင်ထွန်း၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ မင်းအမရာဝတီ၊ တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရွှေရည်ပိုးအိမ့်၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်လူငယ်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဇွဲဝေယံလင်း၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ သီဟဇော်၊ တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဇာနည်အောင်၊ မြန်မာ့ရိုးရာစစ်တုရင် အလွတ်တန်းတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မောင်မောင်လတ်၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ အုန်းကျော်၊ တတိယဆုရရှိသည့် နေပြည်တော်အသင်းမှ အောင်နိုင်၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်လူငယ်အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ မြန်မာ့ရိုးရာစစ်တုရင်အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် နေပြည်တော်အသင်း၊ တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်အလွတ်တန်းတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ကျော်မြတ်အောင်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ လင်းဖုန်း၊ တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဝေဖြိုး၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသည့် နေပြည်တော်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ စစ်တုရင်လူငယ်အသင်းလိုက် တံခွန်စိုက်ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ မြန်မာ့ရိုးရာစစ်တုရင်အလွတ်တန်းအသင်းလိုက် တံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင်အလွတ်တန်းအသင်းလိုက် တံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရွှေတံဆိပ်ဆု (၄) ခု၊ ငွေတံဆိပ်ဆု (၂) ခု၊ ကြေးတံဆိပ်ဆု (၃) ခုဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက တံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဒိုင်းတို့အား အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment