နေပြည်တော် မေ ၂၇
နယ်မြေလုံခြုံရေးအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဒေသတဝိုက်၌ နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိုတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့်
ပြည်နယ်အသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏နေ့စဉ်
လူမှုစီးပွားဘဝများတွင် စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့်
အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊
နယ်မြေအေးချမ်းသာယာရေးအတွက် အသက်ကိုပဓာနမထားဘဲ ရှေ့တန်းစစ်မျက်နှာများတွင်
စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော
ရှေ့တန်းပြန်နိုင်ငံသားကောင်းတပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက
အောင်သပြေခက်များဖြင့် ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြပြီး
တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ
ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment