နေပြည်တော် ဧပြီ ၃၀
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ဖြစ်သော ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် တောင်းဆုရ “ဝ” စေတီတော်ပရိဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်အား ပြည်ထဲ ရေးဝန်ကြီးဌာနမိသားစုက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ကျင်းပသည်။
အခမ်းအနားသို့
ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူနှင့် ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့
ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ
တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်၍ ကဆုန်ညောင်ရေသွန်းလောင်း
ပူဇော်ကြသည်။
အမွှေးနံ့သာရည်များ ပက်ဖျန်း
ဦးစွာ အခမ်းအနားမှူးက
ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ရန် ပန်ကြားသည့် “မဟာ ဗောဓိရုက္ခသိဉ္ဇနပူဇာ” ဂါထာ တော်ကို
ဖတ်ကြားပူဇော်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်
ဇနီးတို့ ဦးဆောင်သော အခမ်းအနားသို့ တက်ရောက်လာသူများက သတ်မှတ်ထားသည့်နေရာအသီးသီးတို့မှ
အဖွဲ့လိုက် မဟာဗောဓိညောင်ပင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်၍ ညောင်ရေသွန်းလောင်းကာ
အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment