နေပြည်တော် မေ ၆
နေပြည်တော် လူရည်ချွန်အပန်းဖြေစခန်းတွင် ရောက်ရှိနေသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒွါဒသမ တန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၉၉ ဦးသည် အုပ်ချုပ်သူ ဆရာ ဆရာမများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ရုပ်မြင်သံကြားထုတ်လွှင့်မှုလုပ်ငန်းများ၊ အသံလွှင့်လုပ်ငန်းများနှင့် စိန်ရတုပြတိုက်တို့ကို ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင်
လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန နေပြည်တော် ပုံနှိပ်စက်ရုံနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း သတင်းစာတိုက်များကို
ကြည့်ရှုလေ့လာကြသည်။
အလားတူ ပြင်ဦးလွင်လူရည်ချွန်စခန်းကို
အခြေပြု၍ ဒေသန္တရဗဟုသုတများ လေ့လာကြမည့် နဝမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ
၉၆ ဦးနှင့် အုပ်ချုပ်သူ
ဆရာ ဆရာမ ၁၈ ဦးသည် နေပြည်တော်စုရပ်စခန်းမှ ပြင်ဦးလွင်သို့ ထွက်ခွာကြပြီး မွန်းလွဲပိုင်းတွင်
ပြင်ဦးလွင်မြို့ လူရည်ချွန်အပန်းဖြေ စခန်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ပန်းစည်းများဖြင့်လည်းကောင်း၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း သောင်းသောင်း
ဖြဖြ ကြိုဆိုကြသည်။
ထို့ပြင် အင်းလေးခေါင်တိုင်
လူရည်ချွန်စခန်းတွင် အခြေပြုပြီး ဒေသန္တရဗဟုသုတများ ရှာဖွေကြမည့် ၂၀၂၆ ခုနှစ် Grade 10 လူရည်ချွန်ကျောင်းသားမောင်မယ် ၁၃၂ ဦး၊
ကြီးကြပ်ဆရာ ဆရာမ ၁၈ ဦး သည် ရှမ်းပြည်နယ် ကလောမြို့သို့ ရောက်ရှိရာ ကလောခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက
ဘင်ခရာတပ်ဖွဲ့နှင့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားများက သောင်းသောင်းဖြဖြ
ကြိုဆိုကြပြီး မွန်းလွဲ ပိုင်းတွင် ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းသို့
ရောက်ရှိ လာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊
ဘင်ခရာတပ်ဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက
တိုင်းရင်းသားရိုးရာ အကအလှများဖြင့်လည်းကောင်း၊ အိုးစည်ဗုံမောင်းများ တီးမှုတ်၍လည်းကောင်း
သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး
ငွေဆောင်လူရည်ချွန်စခန်းတွင် အခြေပြုပြီး ဒေသန္တရဗဟုသုတ များ ရှာဖွေကြမည့် Grade 11 လူရည်ချွန်မောင်မယ်
၁၃၃ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦး၊ ချောင်းသာလူရည်ချွန်စခန်းတွင် အခြေပြုပြီး ဒေသန္တရဗဟုသုတများ ရှာဖွေကြမည့်
ပထမနှစ် လူရည်ချွန်မောင်မယ် ၁၄၈ ဦးနှင့် ကြီးကြပ်သူ
၁၈ ဦး၊ ဒုတိယနှစ် လူရည်ချွန်မောင်မယ် ၁၄၃ ဦးနှင့် ကြီးကြပ်သူ ၁၈ ဦးတို့အား ညနေပိုင်းက
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊
တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်
ပြည်သူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
(ပြန်/ဆက်)



No comments:
Post a Comment