ထန်းတပင် ဧပြီ
၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် ယနေ့က နွေစပါးစံကွက်ရိတ်သိမ်းပွဲ၊ မိုးစပါးအတွက် မျိုးစပါးနှင့် ဓါတ်မြေသြဇာပေးအပ်ခြင်း၊ တိုက်ရိုက်အစေ့ချကိရိယာ (Seeder) နှင့် (၂) ချပ်တွဲဆိုလာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြရာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မှော်ဘီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးစိုးနိုင်က မှော်ဘီခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို
ရှင်းလင်းတင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး
ဦးတင့်နိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်နိုင်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန
တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်တို့က ဆောင်ရွက်နေသည့်
လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ထန်းတပင်မြို့နယ်အတွင်းရှိ
တောင်သူများအား မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါး၊ ဓါတ်မြေသြဇာ၊
တိုက်ရိုက်အစေ့ချကိရိယာ (Seeder) နှင့်
(၂) ချပ်တွဲဆိုလာတို့ကို ဒေသခံတောင်သူများထံသို့
ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ပြသထားသည့် Drum
Seeder များ၊ စပါးမျိုးစေ့နမူနာများ၊
ဓါတ်မြေဩဇာများ၊ အနိမ့်တင်ဆိုလာ ရေတင်စက်များနှင့်
စိုက်ပျိုးရေးသုံးပစ္စည်းများစသည်ကို လှည့်လည်ကြည့်ရှုအားပေးသည်။
၄င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က
တောင်သူဦးစံမောင်၏ နွေစပါးစံပြကွက်ကို စပါးရိတ်သိမ်းချွေလှေ့စက်ဖြင့်
ရိတ်သိမ်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး တစ်ဧကအထွက်နှုန်းအနေဖြင့်လည်း
(၁၃၁.၈၀) တင်းနှုန်းထွက်ရှိကြောင်း
သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေပေါ်သောင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း
ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်





No comments:
Post a Comment