Monday, April 27, 2026

တိုက်ကြီးမြို့နယ်၊ ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းခြင်း၊ ၂၀၂၆ - ၂၀၂၇ ခုနှစ်၊ မိုးစပါးအတွက် တောင်သူများသို့ စပါးမျိုးသန့်မျိုးပွားမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် သဘာဝမြေဩဇာများပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ ၂

၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းခြင်း၊ ၂၀၂၆-၂၀၂၇၊ မိုးစပါးအတွက် တောင်သူများသို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)၊ ရေတင်ဆိုလာပန့်၊ စပါးမျိူးသန့်မျိုးပွားမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် သဘာဝမြေဩဇာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာ၊ တောင်သူ ဦးစိုးထွန်း၏ လယ်မြေတွင် ကျင်းပသည်။



အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုက်ကြီးခရိုင်အတွင်းရှိ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တိုက်ကြီးခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က တိုက်ကြီးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တိုက်ကြီးခရိုင်အတွင်းရှိ တောင်သူများအား တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)၊ ရေတင်ဆိုလာပန့်၊ စပါးမျိူးသန့်မျိုးပွားမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် သဘာဝမြေဩဇာများကို ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့က ကောက်ရိုးထုံးစက်ဖြင့် ကောက်ရိုးထုံးနေမှုနှင့် နွေစပါးစံကွက်အား ရိတ်သိမ်းချွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းနေမှု၊ ပြသထားသည့် စပါးမျိုးစေ့ နမူနာများ၊ ဓါတ်မြေဩဇာများ၊ ကော်ဖီပျိုးပင်များစိုက်ပျိုးရေးသုံးပစ္စည်းများအနိမ့်တင်ဆိုလာရေတင်စက်များနှင့် Drum Seeder များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ယနေ့ နွေစပါးစံကွက်ရိတ်သိမ်းပွဲတွင် တောင်သူ ဦးစိုးထွန်း၏ လယ်မြေကို စိစစ်ရိတ်သိမ်းရာ (၁) ဧကလျှင် ရက် (၁၀၀) အထွက်ကောင်းစပါးမျိုး စပါးတင်းအခြောက်ထွက်နှုန်း (၁၃၈.၀၄) တင်း ထွက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment