နေပြည်တော် ဧပြီ ၂၁
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းလမ်းညွှန်ချက်အပေါ် ရှင်းလင်းခြင်းအစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်၊ ဒေါက်တာစန္ဒာဦးနှင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဈေးကွက်စီးပွားရေးစနစ်ကို
အကောင်အထည်ဖော်
ဦးစွာ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်သည် အလွန်ထူးခြားပြီး
မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုနှင့်အတူ
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်အခြေချပြီး ပိုမိုကောင်းမွန်သည့်
အနာဂတ်ဆီသို့ ဦးတည်လျှောက်လှမ်းနေပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဦးမော့လာစေရန်အတွက်
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်၊
ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများတိုးတက်လာစေရန်တို့အတွက် လုပ်ထုံးလုပ်နည်းများ
ပြန်လည်သုံးသပ်ပြီး စီးပွားရေးလုပ်ငန်းများ အရှိန်မြှင့်တင်နိုင်ရေး၊
စီးပွားရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်များ
ပြေလည်အောင်ဖော်ဆောင်ပြီး နိုင်ငံနှင့်ကိုက်ညီသည့် ဈေးကွက်စီးပွားရေးစနစ်ကို
အကောင်အထည်ဖော်ဆောင်သွားမည်ဟု နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင် လမ်းညွှန်ထားပါကြောင်း။
သို့ဖြစ်ရာ
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်
ငွေရေးကြေးရေးကဏ္ဍ၊ ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်ရေး၊ ကျပ်ငွေတန်ဖိုးတည်ငြိမ်ရေးနှင့်
နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးတို့သည် အရေးကြီးသော လုပ်ငန်းများဖြစ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း
မိမိ၏ အဓိကရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိရန်၊ ထိန်းသိမ်းရန်ဆောင်ရွက်လျက်ရှိပြီး
အဆိုပါရည်မှန်းချက်နှင့်အညီ ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေး စနစ်တည်ငြိမ်ရေး၊ ထိရောက်သော
ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာတိုးတက်ရေးနှင့် ရှင်သန်သော
စီးပွားရေးဖွံ့ဖြိုးမှုရရှိစေရန် အစိုးရအဖွဲ့၏ အထွေထွေစီးပွားရေးမူဝါဒများကို
အထောက်အကူပြုရေးစသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံ့စီးပွား
တိုးတက်ရေးကို အထောက်အပံ့ဖြစ်စေမည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
(MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လိုအပ်သော ချေးငွေများရရှိစေရန် မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ ပံ့ပိုးပေးမည့်အစီအစဉ်အနေဖြင့်
MSMEs များသို့ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့်
ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ထို့အပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်ရငွေများ အပြည့်အဝပြန်လည်ဝင်ရောက်ရေးတို့အတွက်
ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ အစိုးရ-ပုဂ္ဂလိက
ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ လုပ်ငန်းတာဝန်ဖြစ်သည့် ပို့ကုန်လုပ်ငန်းများအတွက်
လုံခြုံစိတ်ချရပြီး လုပ်သာကိုင်သာရှိသည့် ပို့ကုန်ဝန်းကျင်ကောင်းတစ်ခု
ဖန်တီးဖော်ဆောင်နိုင်ရေးအတွက် အထောက်အကူပြုမိတ်ဖက်အဖွဲ့အစည်းများနှင့်
ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကျပ်ငွေတန်ဖိုးတည်ငြိမ်ရေးအတွက်
နိုင်ငံ၏ မေခရိုစီးပွားရေးအခြေအနေ၊ ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတို့နှင့်
လိုက်လျောညီထွေရှိစေမည့် ငွေကြေးပမာဏတစ်ရပ်ကို ရည်မှန်းချက်ထားရှိဆောင်ရွက်လျက်ရှိပါကြောင်း၊
ငွေကြေးဖောင်းပွမှုနှုန်းလျှော့ချနိုင်စေရန် သင့်လျော်၍ ဟန်ချက်ညီသည့်
ငွေကြေးမူဝါဒနည်းလမ်းများဖြင့် နိုင်ငံတော်၏ ရေရှည်တည်တံ့သည့်
စီးပွားရေးဖွံ့ဖြိုးမှု (Sustai-
nable Growth)၊ ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်ရေးတို့ကို ပံ့ပိုးစေနိုင်ရန်
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးအတွက် Worker
Remittance များ တရားဝင်ဘဏ်လမ်းကြောင်းမှ
ပိုမိုဝင်ရောက်လာစေရေးအတွက် Flexible Exchange Rate ဖြင့်
ဘဏ်များအား ဝယ်ယူစေခြင်း၊ အရေးကြီးကုန်စည်များ၊ ဦးစားပေးကုန်စည်များ တင်သွင်းရန်လိုအပ်သော
နိုင်ငံခြားငွေများကို နိုင်ငံ၏ နိုင်ငံခြားသုံးသီးသန့်ငွေ အခြေအနေအရ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဈေးကွက်သို့ ဝင်ရောက်ရောင်းချပေးခြင်း (FX Interven- tion) ကို
ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတကာ
ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အာဆီယံအစည်းအဝေးများ၊ အရှေ့တောင်အာရှဗဟိုဘဏ်များ
အဖွဲ့ (SEACEN) အစည်းအဝေးများ၊ အာရှစာရင်းရှင်းလင်းရေးအဖွဲ့ (ACU) အစည်းအဝေးများသို့
စဉ်ဆက်မပြတ် တက်ရောက်လျက်ရှိပြီး ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ဆက်လက်၍
ဒုတိယဥက္ကဋ္ဌများကလည်း လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့်
စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများ၏
လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment