တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ဥက္ကဋ္ဌ ဦးဌေးအောင်က တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း
ကြေညာသည်။
ထို့နောက် တိုင်းဒေသကြီးဥက္ကဋ္ဌက
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်
တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့်ပုဂ္ဂိုလ် ဒေါ်စန္ဒာသွယ်နှင့် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ် ၁၀ ဦး၏ အမည်များဖြစ်သည့် ဗိုလ်မှူးကြီး
ဝင်းတင့်၊ ဦးနေမင်းထွန်း၊ ဒေါက်တာ မေသန်းနွယ်၊ ဦးဗိုလ်ဌေး၊ ဦးနေလင်းထွန်း၊ ဒေါက်တာမျိုးသော်၊
ဒေါက်တာထူးမောင်၊ ဦးစိုးဦး၊ ဦးမျိုးမြင့်အောင်၊ စောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့်ပုဂ္ဂိုလ်
ဒေါ်ဖြူမာဝေ၊ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့်ပုဂ္ဂိုလ်
ဒေါ်ခင်မာချို၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးမည့်ပုဂ္ဂိုလ်
ခြောက်ဦးအမည်များဖြစ်သည့် ဦးကျော်စွာငြိမ်း၊ ဒေါ်ထားထား၊ ဒေါ်နုနုခင်၊ ဦးကျော်ကျော်၊
ဒေါ်မာလာထွဋ်၊ ဦးသောင်းထွေးတို့၏ အမည်စာရင်းများကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ၍
အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း
ကြေညာသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ်
ခန့်အပ်တာဝန်ပေးမည့်ပုဂ္ဂိုလ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးမည့်ပုဂ္ဂိုလ်
၁၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့်ပုဂ္ဂိုလ်၊ ရန်ကုန်တိုင်းဒေသကြီး
စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့်ပုဂ္ဂိုလ်နှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်
တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးမည့်ပုဂ္ဂိုလ် ခြောက်ဦးတို့၏ ခန့်အပ်တာဝန်ပေးမည့်
ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်သူမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment