နေပြည်တော် ဧပြီ ၂၁
မြန်မာနိုင်ငံသို့
ဧပြီ ၂၁ ရက်မှ ၂၂ ရက်အထိ ခရီးစဉ်လာရောက်သည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ရာ
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment