နေပြည်တော် ဧပြီ ၂၄
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ၊ ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမုခ်ဦးအဝင်လမ်း၊ ရေမြောင်း၊ ပလက်ဖောင်း၊ မြေယာရှုခင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်
ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ
အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) က ဆက်လက်ဆောင်ရွက်မည့် မြို့ပြ/ ရေသန့်/ လျှပ်စစ်လုပ်ငန်းအစီအစဉ်များ၊
JICA အဖွဲ့အစည်းနှင့် တည်ဆောက်ရေးလုပ်ငန်းပစ္စည်းများ လွှဲပြောင်းလက်ခံဆောင်ရွက်ထားရှိမှု
အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အသေးစိတ်တို့ကို ရှင်းလင်းတင်ပြရာ အဆောက်အအုံ
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီးတို့က
ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီးက ဆေးရုံအဆောက်အအုံဆိုင်ရာ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင်
ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ဓာတ်ရောင်ခြည် လုံခြုံမှုအပါအဝင် အဆောက်အအုံအရည်အသွေးကောင်းမွန်စေရေး
အလေးထားဆောင်ရွက်သွားရန်၊ လက်ရာသေသပ်ကောင်းမွန်စေရန် တာဝန်ရှိသူများ က အနီးကပ်ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
လုပ်ငန်းများ အချိန်မီပြီးစီးအောင် အလေးထား ဆောင်ရွက်ပေးသွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများ
ဆောင်ရွက်ပြီးစီးပါက နှလုံး၊ ဦးနှောက်နှင့် အာရုကြောလူနာရှင်များအတွက် နိုင်ငံတကာစံနှုန်းများ
နှင့်အညီ အကောင်းဆုံးကုသမှုပေးနိုင်မည့် ဆေးရုံ သစ်ကြီးဖြစ်လာမည်ဖြစ်၍ အချိန်မီပြီးစီးအောင်
ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်း၍ ဆောင်ရွက်သွားရန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်
နေမှုကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမုခ်ဦးနှင့် မုခ်ဦးအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ ရေမြောင်း/ပလက်ဖောင်းပြုလုပ်ခြင်း၊
ရေထုတ်မြောင်း၊ လမ်းဆေးအမှတ် အသားများရေးဆွဲခြင်းနှင့် စိန်ရတုခန်းမအဝင်၊ အထွက် လမ်းဝဲ/ယာ
မြေယာရှုခင်းဆောင်ရွက်ခြင်း လုပ်ငန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မုခ်ဦး အဝင်သံပန်းတံခါးနှင့်
ဝင်ပေါက်ဝဲ/ယာတွင်လည်း မြေယာရှုခင်းလုပ်ငန်းများ ဆောင်ရွက်ထားရန်၊ လမ်းများခင်းရာတွင်လည်း
သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များနှင့်အညီ ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment