Wednesday, April 29, 2026

အစိုးရ၏ ရက် (၁၀၀) အတွင်း ဦးစားပေးဆောင်ရွက်မည့်စီမံကိန်းများနှင့် ချိတ်ဆက်အကောင်အထည်ဖော်နိုင်ရေး ရှင်းလင်းမှာကြား


နေပြည်တော် ဧပြီ ၂၈

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့် အစိုးရ၏ ရက် (၁၀၀) အတွင်း ဦးစားပေးဆောင်ရွက်မည့် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃၂) ၌ ကျင်းပသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်ထင်နှင့် ဦးသန့်စင်လွင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစိုးရ၏ ရက် (၁၀၀) အတွင်းဆောင်ရွက်မည့် စီမံကိန်များကို ဒေသန္တရစီမံကိန်း၊ ကဏ္ဍစီမံကိန်းများဖြင့် ချိတ်ဆက်စိစစ်၍ အမျိုးသားစီမံကိန်းပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများနှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်းဥပဒေနှင့် ဒေသန္တရစီမံကိန်းဥပဒေပါ လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ၏ အကောင်အထည်ဖော်မှု အခြေအနေများကို မြေပြင်ကွင်းဆင်းစိစစ်ပြီး အစီရင်ခံ ပြုစုတင်ပြခြင်း၊ GDP ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း များအတွက် အသုံးပြုနေသော ငွေလုံးငွေရင်းအသုံးစရိတ်များနှင့်စပ်လျဉ်း၍ စိစစ်ခြင်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးနှင့် ပိုမိုဝင်ရောက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် ဌာန/ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအား အသိပညာ မျှဝေပေးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment