ပဲခူး ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယ) ညကို ယမန်နေ့ ညပိုင်းအချိန်က ပဲခူးမြို့ ရုံးကြီးရပ်ကွက်၊ ဆေးရုံလမ်းနှင့် ပြည်တော်သာလမ်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်
၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊
အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ
တရားနာပရိတ်သတ်များက ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ
(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တဇနိတ
(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) က "ဩဝါဒကထာ" တရားခေါင်းစဉ်ဖြင့်
ဟောကြားတော်မူပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက
ဓမ္မပူဇာအလှူငွေကျပ်သိန်း (၇၅) နှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကာ
လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှအတမ်းပေးဝေခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)





No comments:
Post a Comment