နေပြည်တော် ဧပြီ ၈
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင်ကျင်းပသည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် သာကေတမြို့နယ် ဇိနမာန်အောင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရေးနှင့် ဘက်စုံတည်ဆောက်ရေးအဖွဲ့၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း(နေပြည်တော်)၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီတို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။




No comments:
Post a Comment